မဟာသက္ကရာဇ် နှင့် ကောဇာသက္ကရာဇ်
မဟာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အကြောင်းလေး ကို ဗဟုသုတအနေ နှင့် ကျွန်တော် တင်ပေးလိုက်ပါတယ်ဗျာ........
- မဟာသက္ကရာဇ် ဟူသည်မှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သုံးသော သက္ကရာဇ် ဖြစ်
တိုင်ပင်၍ ရှေးရှေးသက္ကရာဇ် ၈၆၄၇-နှစ်မှ ၈၆၄၅-နှစ်ကို ဖြို၍ ၂-ခုကြွင်းထားခဲ့သော သက္ကရာဇ် ဖြစ်
သည်။
ယင်း မဟာ သက္ကရာဇ် ၆၈-ခုနှစ်တွင် ဘုရားအလောင်း သိဒ္ဓတ္တ မင်းသားကို ဖွားတော်မူ၍
ဘုရားဖြစ်ပြီးနောက် မဟာသက္ကရာဇ် ၁၄၈-ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူသည်။
-ယင်းမဟာသက္ကရာဇ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမသံဂါယနာတင်၍
သာသနာနှစ် အဖြစ် ပြုရန် မဟာသက္ကရာဇ် ကိုဖျက်၍ (ဖြို)၍ သာသနာနှစ် တစ်နှစ်မှ စ၍ အသုံးပြု
ခဲ့သည်။ ယင်းသာသနာနှစ် ၆၂၄-သို့ရောက်သောအခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်း
လက်ထက် ဒေါဒေါရသ ၆၂၂ -နှစ်ကို ဖြို၍ ၂-ခုကြွင်း ထားခဲ့ပြန်သည်။ ယင်းကို ကောဇာသက္ကရာဇ်
ဟု ဆိုသည်။
- ယင်းမှ တိုးပွားလာသော ၅၆၂-နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက်
ခန်းဆပဉ္စ( ၅၆၀ )နှစ်ကိုဖြို၍ ၂-ခုကြွင်းထားလျက် သုံးစွဲခဲ့လေသည်။ ထိုခေတ် ၂-ခုမှ တိုးတက်
လာသော ယနေ့ ၁၃၇၆ -ခုနှစ် အထိ သက္ကရာဇ်မှာ မိတ်ဆွေတို့ သိချင်သော မြန်မာသက္ကရာဇ်ဖြစ်
ပါသည်။
- နှစ်ကြိမ်ဖြို ၆၂၂-ခုနှစ်နှင့်၊ ၅၆၀-ခုနှစ် ကိုပေါင်းကြည့်လျှင် ၁၁၈၂-ခုနှစ် ဖြစ်သည်။ ၎င်းနှင့် ယခု
ရောက်ဆဲ ၁၃၇၆ ခုနှစ် ကိုပေါင်းသော် ၂၅၅၈-ခုနှစ်ဖြစ်သည်။ သာသနာနှစ် ဖြစ်သည်။ ထို့ကြောင့်
တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို
အလွယ်တကူ သိနိုင်ပေသည်။
0 comments:
ကျနော်ဆိုဒ်လေးကို လာရောက်လည်ပတ်ကြတဲ့ ချစ်သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်နော်။
အဆင်ပြေသည်ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ commendလေးများ ရေးပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်ချက်များကိုပြုပြင်နိုင်မှာပါခင်ဗျာ။