Showing posts with label ဟာသ. Show all posts

သင်္ကြန်စာ

0 comments
မြန်မာနှစ်ကူး..တန်ခူးအတာ..ခါချိန်ကျရောက်..ပိတောက်တွေ့တိုင်း..
လွမ်းစရာမရှိတိုင်းလွမ်းတတ်သူ ။ဘေလ်အတွက်အမြဲလိုနေတတ်သူ 
ဘိုးတော် ဒဂုံသားလေး စီစဉ်အပ်သော..ဒဂုံသားလေးစပ်မိစပ်ရာသင်္ကြန်စာ။ 

၁။ ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် လိပ်နှင့်တူသော ကွန်နက်ရှင်ကိုစီးလျက် လည်ပင်းတွင် Iphone plus 6 ကိုချိတ်ဆွဲ၍ လက်တစ်ဖက်တွင်..Google ကိုကိုင်လျက်..လက်တစ်ဖက်တွင် ဘေလ်ဖြတ်တောက်ရန် SimCardများကိုကိုင်လျက် မြန်မာပြည်သို့ဆင်းအံ့။ ထိုအချိန်တွင်.."ဓံသီ နတ်သမီးသည် “HUAWEI ဖုန်းမှ telenor,ooredoo,mpt“ မည်သောSimcard များကို ဖြုတ်၍  ဃောရဿဒေဝီနတ်သမီးလက်သို့ SAMSUNG galaxy  5Sတွင်ထည့်ရန် လှမ်းလင့်၏။ အင်တာနက်ဆိုင်ပိုင်ရှင်များနှလုံးပူဆွေးစွာဖြင့် ကြိုဆိုကြကုန်၏။ အချိန်အခါကား မဟာသင်္ကြန်အကျနေ့တည်း။ မဟာသင်္ကြန်အကျနေ့ အဟောကား.. တနင်္ဂနွေနံ တိုင်းပြည်များ ပြည်သူအပေါင်းအုံကြွအံ့၊ အကြီးကဲများ တရုတ်ထိုင်၊ ကုလားထိုင်လှုပ်အံ့။ အရှေ့ပိုင်းတိုင်းပြည်များ မြေငလျင်လှုပ်အံ့၊(အတတ်ဟောလိုက်ခြင်း)၊ အနုမြူဘေး ကြုံရအံ့။အနောက်နိုင်ငံများ ဒီမိုကရေစီ ထွန်းကားအံ့။ မြန်မာနိုင်ငံတွက် အဟောကား..(……………………………………………………………) စာပေစီစစ်ရေးဖြတ်တောက်ခံလိုက်ရခြင်း။ 
(၂) မဟာသင်္ကြန်သုံးပါးတွင် သမန္တသင်္ကြန်ကျပီး ၂၄မိနစ်အခါ..ပြည်သူအပေါင်းခေါင်းဆေးမင်္ဂလာပြုအပ်သည်။ ခေါင်းဆေးခြင်းအကျိုးကား ကြေးညော်ကင်းအံ့၊သန်း ဘောက်ကင်းအံ့၊ လက်းသည်းရှည် သင်္ကြန်မယ်များနှင့်တွေ့လျှင် အဖိုး အဖွားများ အနာတရဖြစ်အံ့။ 
(၃) အတာနှစ်သစ်သက္ကရာဇ် ၁၃၇၆မှ ၁၃၇၇ သို့အတာတက်ချိန်မှာ နှောင်းတန်ခူးလဆန်း ၁၃ ၇က်ဖြစ်အံ့။ အတာစားခြင်းအကျိုးကား..အတာဆန်းထူး နှစ်ဟောင်းကူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဆက်သွယ်ရေးservicesနှစ်တည်း။ နှစ်ကို..ပြက္ခဒိန်ထုတ်ဝေသူစောင့်၏၊ လ ကိုဝန်ထမ်းစောင့်၏၊ ရက်ကို ဟင်းဘိုး ပိုက်ဆံစောင့်၏။ အင်တာနက်ကို..ကွန်နက်ရှင်စောင့်၏။ အမှိုက်ပုံကို..ပလပ်စတ်ကောက်သူစောင့်၏။ လမ်းတံတားကို..ဂိတ်ကြေးကောက်သူစောင့်၏။ နှစ်လုံးသုံးလုံးကို..ရဲစောင့်၏။ ဒဂုံသားလေးစပ်မိစပ်ရာမန်ဘာများကို..အက်မင်များစောင့်၏။ အက်မင်များကို.. မေသက်ခိုင်စောင့်၏။ ယခုနှစ်တွင်ဟောက်စား ငေါက်စားပေါအံ့။ မောင့်ကြက်သရေ ခေါင်းပေါင်းများရောင်းကောင်းအံ့။ မဲတစ်ပြားတပြားအတွက် ချေးကုလားများခြေရှုပ်အံ့။ လူတစ်ချို့ ပုဆိုးတောင်ရှည်များနှင့် သတို့သားများကဲ့သိုဝတ်ဆင်အံ့။ဆန်ရေ စပါး ပေါခြင်ပေါမည်..မပေါခြင်က ရှားအံ့။ အာဏာရူး သမ္မတရူးများပေါအံ့။ ဤကားအတာစားခြင်းအကျိုးတည်း။ 
(၄) ဆြာဘိုးတော် ဒဂုံသားလေးအဟောကား.. ၀န်ထမ်းများ လစာတိုးပြီး အကြွေးထူအံ့။ ပင်စင်စားများ ငတ်အံ့။ ရောသမမွှေတတ်သူများ ချမ်းသာအံ့။ ဆွေမျိုးသားချင်း မစခံရတတ်သူများ ကြိကြိတက် ချမ်းသာအံ့။ လူငယ်များ ဟယ်ရီပေါ်တာဖြစ်ခြင်အံ့။ ပြည်တွင်း/ပ ဂျားကစ်အောက်စွဲ ဟက်ကာများ အစွမ်းပြအံ့။ အင်တာနက် ကွန်နက်ရှင်များ လင်းတကဲ့သို့ပျံအံ့။
gtalk,facebook တွင် ပွားသူများ..ကြူသူများ မျောက်မှိုင်မှိုင်အံ့။
ဆိုက်ဗာ ကဖေးများ ၀င်ငွေကျအံ့။ အင်တာနက်ဖုန်းများ Dataများများ
အဖြတ်ခံရအံ့။
ဤကား ဘိုးတော်ဆြာ ဒဂုံသားလေး၏ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွက် အဟောတည်း ။

ကျနော့်ရဲ့{ knowledge sharingသို့ } လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်



ကျနော်ရဲ့{ မြန်မာ့စွယ်စုံစာအုပ်စင်သို့} လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ


Read More »

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs