Showing posts with label mobile knowledge. Show all posts

Google ၏ Android operating system update ကို Marshmallow ဟုခေါ်ဆိုမည် ဖြစ်

0 comments
ယခင်က Android M ဟု ခေါ်ဆိုခဲ့သော စမတ်ဖုန်းနှင့် tablet များအတွက် Google ၏ Android operating system update ကို Marshmallow ဟုခေါ်ဆိုမည် ဖြစ်ကြောင်း သိရသည်။
Google သည် Android update များ၏ အမည်ကို အက္ခရာအစဉ်အတိုင်း ပေးခဲ့ပြီး လက်ရှိ Android ဗားရှင်း Lollipop ပြီးနောက် ထွက်ပေါ်လာမည့် Marshmallow ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိသည်။
Android ကို Samsung, HTC နှင့် Motorola အပါအဝင် ကမ္ဘာပေါ်ရှိ စမတ်ဖုန်း ၈၀ ရာခိုင်နှုန်းကျော်တွင် သုံးစွဲလျက်ရှိသည်။ ထို့အပြင် ၎င်း software သည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများဖြစ်သော search, maps နှင့် YouTube ဗီဒီယိုဆိုက်တို့ကို သုံးစွဲသူများ၏ ဖုန်းများပေါ်မှ အသုံးပြုနိုင်စေသည်။
အသစ်ထွက်မည့် Android update တွင် feature သစ်အချို့ပါဝင်လာမည် ဖြစ်သည်။ ၎င်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားသော မိုဘိုင်းငွေပေးချေစနစ် Android Pay ပါဝင်လာမည် ဖြစ်ပြီး သုံးစွဲသူများက ၎င်းတို့၏ ဖုန်းများဖြင့် လက်လီစတိုးများတွင် ငွေပေးချေမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ Google သည် မိုဘိုင်းငွေပေးချေစနစ်အတွက် လွန်ခဲ့သည့် နှစ်များကတည်းက Google Wallet ဟုခေါ်သော ဝန်ဆောင်မှုဖြင့် စတင်ဆောင်ရွက်ခဲ့သည်။
Android Marshmallow တွင် Now On Tap ဟုခေါ်သော Google ၏ digital assistant Google Now အတွက် feature သစ်တစ်ခုလည်း ပါဝင်လာမည် ဖြစ်သည်။ ၎င်း feature သည် Google Now ကို အသုံးပြုရာတွင် ဖုန်းရှိ home ခလုတ်ကို ဖိထားခြင်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Now On Tap သည် သုံးစွဲသူ ဖတ်နေသည့် email အကြောင်း သို့မဟုတ် အသုံးပြုနေသည့် ဖုန်စုပ်စက် အကြောင်းကို သိရှိလိုချိန်တွင် အသုံးတည့်စေမည့် အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။
Android သုံးစွဲသူများအနက် ၁၈ ရာခိုင်နှုန်းသည် လက်ရှိဗားရှင်းဖြစ်သော Lollipop ကို သုံးစွဲလျက်ရှိပြီး ၇၃ ရာခိုင်နှုန်းမှာ Kitkat နှင့် Jellybean ကို အသုံးပြုကြကြောင်း သြဂုတ်လ ပထမအပတ်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
Ref: CNET


Read More »

TELENOR မြန်​မာ၏အ​ခြေခံဝန်​​ဆောင်​မှုများ

0 comments

"တယ်လီနောမြန်မာ ၏ အခြေခံ ဝန်ဆောင်မှုများ"
Caller ID
ဖုန်းဝင်လာချိန် ဖုန်းမကိုင်ခင် အချိန်မှာ ကိုယ့်ထံဆက်သော ဖုန်းနံပါတ်ကို ကြည့်ရှုနိုင်သော စနစ်ဖြစ်သည်။ခေါ်ဆိုသော ဖုန်းနံပါတ်က ဖုန်းရဲ့ Display ပေါ်တွင် ပေါ်နေပါလိမ့်မည်။ ဖုန်းခေါ်ဆိုသူသည် contact list ထဲ ရှိနေပါက နာမည်ဖြင့်သာ ပေါ်နေပါမည်။

Read More »

အများပြောနေကြတဲ့ G, H+, E, 3G နဲ့ LTE ဆိုတာဘာလဲ?

0 comments
G, H+, E, 3G နဲ့ LTE အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာH+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲH+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။
H - HSDPA (High Speed Downlink Packet Access) (Year-2006)H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/sHD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်။

Read More »

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs