အများပြောနေကြတဲ့ G, H+, E, 3G နဲ့ LTE ဆိုတာဘာလဲ?

G, H+, E, 3G နဲ့ LTE အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာH+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲH+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။
H - HSDPA (High Speed Downlink Packet Access) (Year-2006)H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/sHD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်။

H+ - HSDPA Plus (Year-2011)H ထက် ပိုမြန်တာ အသေအချာပါပဲ ။ အင်တာနက် မြန်နူန်း 21 Mb/s ထိရပါတယ်။ ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူ ကြည့်ရှုနိုင်ပါပြီ။ Broadband connection တွေနဲ့တောင်တူတယ်3G - 3rd Generation / UMTS ( Year-2003)ရုပ်ရောအသံပါ (video calling) အင်တာနက်မြန်နူန်းတစ်ခုဖြစ်ပါတယ်။စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး ..အခုချိန် ဒေါင်းလုပ်မြန်နူန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။ 20ရာစုအစပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နူန်းဖြစ်လို့ 3rd Generation လို့ခေါ်တာပါတဲ့။
E - EDGE (Enhanced Data Rates for GSM Evolution) ( Year- 2006)အင်တာနက်မြန်နူန်းက 384Kb/s ။EDGE ကို 2.75G လို့ ယူဆလို့ရပါတယ်။ 3G မပြည့်ဘူးပေါ့ ။2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။ E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ် ။G - GPRS (General Packet Radio Service)( Year- 2000)GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နူန်းတစ်ခုပါ။2.5G လို့လည်း ယူဆနိုင်ပါတယ်။ 2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီးwebpage တစ်ခုသာမြန်နူန်းကတော့ 115kb/s ရပါတယ်။
GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲတိုး တတ်သွားခြင်းပါ။
LTE - Long Term Evolution (4G*) ( Year-2013)မြန်နူန်းအမြင့်ဆုံးကတော့ LTE ပါ။မြန်နူန်း 100Mb/s အထိ ရပါတယ်တဲ့ ။broadband connection လောက်တော့ သနားပါတယ်တဲ့ ။Full HD Videos များကို ကြည့်ရူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။LTE ဆိုတာ 4G နဲ့မတူပါဘူး ။ LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နူန်း 1Gb/s ထိရပါတယ်
Ref: Giffgaff.com Computer Services & Network Solutions
MobileMother

0 comments:

ကျ​နော်​ဆိုဒ်​​လေးကို လာ​ရောက်​လည်​ပတ်​ကြတဲ့ ချစ်​သူငယ်​ချင်းများကို ​ကျေးဇူးတင်​ပါတယ်​​နော်​။
အဆင်​​ပြေသည်​ဖြစ်​​စေ၊ အဆင်​မ​ပြေသည်​ဖြစ်​​စေ commend​လေးများ​ ​ရေး​ပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်​ချက်​များကိုပြုပြင်​နိုင်​မှာပါခင်​ဗျာ။

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs