LG က တောင်ကိုရီးယားတွင် G3 A ကိုကြေငြာ

LG က တောင်ကိုရီးယားတွင် G3 ၏ မူကွဲဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ G3 A ဟု အမည်ပေး ထားပြီး နိုင်ငံတကာတွင်ရောင်းချနေသော G3 ကို ဈေးသက်သာစေရန် စွမ်းဆောင်ရည် အနည်းငယ်လျှော့ ချပေးထားသော အမျိုးအစားဖြစ်ပါသည်။ 
G3 A တွင် ၅.၂ လက်မ 1080p Display နှင့် 2.26GHz Quad-Core CPU တပ်ဆင်ထားသော Snapdragon 800 SoC တပ်ဆင်ထားပါသည်။ Adreno 330 GPU , 2GB RAM ပါရှိပါသည်။ 32GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် Optical Image Stabilization နှင့် Laser Auto Focus နည်းပညာ ပါသော 13 Megapixel Camera တပ်ဆင်ထားပါသည်။ LTE-A ဆက်သွယ်မှုကို ထောက်ပံ့ပေးပြီး 2610mAh Battery တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကိုမောင်းနှင်လည်ပတ်မည် ဖြစ်သည်။

G3 A သည် G3 ထက် အရွယ်အနည်းငယ်သေးငယ်သော်လည်း KnockOn, Knock Code , Smart Keyboard များပါရှိပါသည်။

ကိုရီးယားတွင် ၀မ် ၇၀၄ ၀၀၀ ( ဒေါ်လာ ၆၇၀) ဖြင့် ရောင်းချပေးနေပြီး အဖြူနှင့် တိုက်တေနီယမ် အရောင် များရွေးချယ်နိုင်ပါသည်။ ကိုရီးယားတွင် SKT မှ ရောင်းချပေးနေပြီး အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။

Myanmar Digital Life Journal

ကျနော့်ရဲ့{ knowledge sharingသို့ } လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်


ကျနော်ရဲ့{ မြန်မာ့စွယ်စုံစာအုပ်စင်သို့} လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ


0 comments:

ကျ​နော်​ဆိုဒ်​​လေးကို လာ​ရောက်​လည်​ပတ်​ကြတဲ့ ချစ်​သူငယ်​ချင်းများကို ​ကျေးဇူးတင်​ပါတယ်​​နော်​။
အဆင်​​ပြေသည်​ဖြစ်​​စေ၊ အဆင်​မ​ပြေသည်​ဖြစ်​​စေ commend​လေးများ​ ​ရေး​ပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်​ချက်​များကိုပြုပြင်​နိုင်​မှာပါခင်​ဗျာ။

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs