TELENOR
telenor simများနှင့်ပါတ်သတ်၍ 
အင်တာနက်မြန်နှုန်းမြင့် လင့်များကို အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တည်ဆောက်နေမှုမှာ
ပြီးစီးတော့မည်ဖြစ်ပြီး စက်တင်ဘာလတွင် အမှီထွက်ရှိနိုင်ရန်
ကြိုးပမ်းလျက်ရှိကြောင်းသိရှိရသည်။
ထို့ အပြင် ထွက်ရှိလာမည့် sim card များတွင် အင်တာနက်စနစ် တပါတည်းပါရှိပြီး 2G,3G နှစ်မျိုးစလုံးကို
Sim တစ်မျိုးတည်းတွင် ထည့်သွင်းထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းနှင့် 2G စနစ်သာပါသော phoneများတွင်လည်း
ထည့်သွင်း အသုံးပြုနိုင်မည့်အပြင် telenor sim များကို နိုင်ငံတကာသို့ ယူဆောင်သွားပြီး SMS, MMS စနစ်များကို အသုံးပြုနိုင်ရန် နိုင်ငံတကာ telecom များ နှင့်ချိတ်ဆက်လျက်ရှိကြောင်း သိရှိရသည်။
telenor သည် ပြည်တွင်းမိုဘိုင်းစနစ်ဖြန့် ဝေရာတွင်
တာဝါတိုင်များ ဆောက်လုပ်ခြင်းမပြုပဲ MPT နှင့် OOREDOO တို့ ထံမှ တာဝါတိုင်များကို ငှားယမ်း အသုံးပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
အင်တာနက်မြန်နှုန်း အနေဖြင့် MPT ကဲ့သို့  internet cable ပြတ်တောက်မှု မဖြစ်စေရန် အထူးအလေးထားလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အင်တာနက်သုံးစွဲမှုကိုလည်း 2G.3G စနစ်အလိုက် ဝန်ဆောင်ခကို တိကျစွာ ကေါက်ခံသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ယခုအခါတွင် OOREDOO SIM များ ဈေးကွက်
နေကြောင်း သုံးစွဲသူများထံမှ ကြားသိရသည့်အတွက်
TELNOR သည်လည်း ထိုကဲ့သို့  ဖြစ်နိုင် မဖြစ်နိုင်ဆိုသည်ကို
ပြည်သူများအကြား အငြင်းပွားလျက်ရှိကြောင်း သိရှိရပါသည်။
0 comments:
ကျ​နော်​ဆိုဒ်​​လေးကို လာ​ရောက်​လည်​ပတ်​ကြတဲ့ ချစ်​သူငယ်​ချင်းများကို ​ကျေးဇူးတင်​ပါတယ်​​နော်​။
အဆင်​​ပြေသည်​ဖြစ်​​စေ၊ အဆင်​မ​ပြေသည်​ဖြစ်​​စေ commend​လေးများ​ ​ရေး​ပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်​ချက်​များကိုပြုပြင်​နိုင်​မှာပါခင်​ဗျာ။
မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး
Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs