Mercedes-Benz က ကျည်ကာကား ထုတ်လုပ်


Myanmar Digital Life Journal
Mercedes-Benz က ကျည်ကာကား ထုတ်လုပ်
================================
Mercedes-Benz က ကျည်ဒဏ်နှင့် အခြား ထိခိုက်မှုဒဏ်များကို ခံနိုင်ရည်ရှိသော S600 Guard Sedan တန်ဖိုးကြီးကားကို ပြသလိုက်ပါသည်။ အပြင်ပန်းအရ ကျည်ကာကားသည် သာမာန် Mercedes Sedan ကားကဲ့သို့ပင်ဖြစ်သည်။


ကား၏ ကျည်ကာကိုယ်ထည်သည် လက်တစ်ဖက်ကိုင် သေနတ်များထက် နှစ်ဆ ပြင်းအားရှိသော စစ်တပ်မှ ရိုင်ဖယ်သေနတ်များ၏ ကျည်ဆန်များကို ခံနိုင်ရည်ရှိပါသည်။ ထို့အပြင် လက်ပစ်ဗုံးများ၏ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်ဟု Mercedes က ပြောပါသည်။

ယခင်ကမူ Sedan အမျိုးအစား Mercedes ကားပိုင်ရှင်များသည် ကျည်ဆန်များနှင့် ပေါက်ကွဲမှုဒဏ်များကို ခံနိုင်ရည် ရှိစေရန် သူတို့ကိုယ်တိုင် ကားကို သီးခြား အဆင့်မြှင့်ရခြင်း ဖြစ်ပါသည်။ ယခုကားအသစ်တွင်မူ အပြင်ကိုယ်ထည်နှင့် အတွင်းကိုယ်ထည်များကြားတွင် စတီး လုံခြုံရေးအလွှာတစ်ထပ်ကို ထည့်သွင်းပေးထားပါသည်။ ထို့အပြင် အရှိန်နှုန်းမြင့်မားသည့် ကျည်ဆံ၏ သက်ရောက်မှုကို လျှော့ချရန်နှင့် ဗုံးဆံများကို တားဆီးရန် Polycarbonate ဖုံးအုပ်ထားသော ဖန်သားပြင်ကို ထည့်သွင်းထားပါသည်။

Mercedes-Benz က ကျည်ကာကား၏ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးသော်လည်း သာမာန် S-600 ကားကို အမေရိကန်တွင် ဒေါ်လာ ၁၆၆ ၀၀၀ ဖြင့် ရောင်းချပေးနေပါသည်။ ကျည်ကာကားကို Mercedes-Benz ၀က်ဆိုက်တွင် မှာယူနိုင်ပြီဖြစ်သည်။

ကျနော့်ရဲ့{ knowledge sharingသို့ } လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်

ကျနော်ရဲ့{ မြန်မာ့စွယ်စုံစာအုပ်စင်သို့} လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ


0 comments:

ကျ​နော်​ဆိုဒ်​​လေးကို လာ​ရောက်​လည်​ပတ်​ကြတဲ့ ချစ်​သူငယ်​ချင်းများကို ​ကျေးဇူးတင်​ပါတယ်​​နော်​။
အဆင်​​ပြေသည်​ဖြစ်​​စေ၊ အဆင်​မ​ပြေသည်​ဖြစ်​​စေ commend​လေးများ​ ​ရေး​ပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်​ချက်​များကိုပြုပြင်​နိုင်​မှာပါခင်​ဗျာ။

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs