Myanmar Mobile File Manager for Android v1.0 for Android

Myanmar Mobile File Manager for Android v1.0 for Android

မြန်မာစာမသွင်းရသေးတဲ့ Android ဖုန်းတွေမှာ ဖိုင်နာမည်တွေကို မြန်မာလိုရေးမှတ်ထားနိုင် ၊ မြန်မာစာနဲ့ရေးထားတဲ့ ဖိုင်နာမည်တွေကို မြန်မာလိုမြင်နိုင်မယ့် Myanmar Mobile File Manager v1.0 for Android 
apkလေးပါ

မြန်မာစာမပါသေးတဲ့ ဖုန်းတွေအတွက် ဖုန်းထဲကဖိုင်တွေ သီချင်းတွေကို မြန်မာလိုရေးမှတ်ထားတာကို မြန်မာစာနဲ့မြင်ရချင်တယ်ဆိုရင် ဒီ MMAS File Manager လေးကအဆင်ပြေစေပါလိမ့်မယ်။ Myanmar Mobile File Manager လေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားရန်လည်းမလိုပါဘူး ။
ဒီ File Manager လေးမှာပါဝင်တဲ့ features တွေကတော့
- မြန်မာစာသွင်းထားစရာမလိုဘဲ ဖုန်းထဲမှာ မြန်မာ font နဲ့ရေးထားသော ဖိုင်များကို မြန်မာလိုမြင်နိုင်ခြင်း
-File Manager တစ်ခုလုံးမြန်မာစာစနစ်ဖြစ်ခြင်း
- File Manager တစ်ခုရဲ့ function များကိုအပြည့်အ၀အသုံးပြုနိုင်ခြင်း
- Myanmar Mobile File Manager ထဲမှတစ်ဆင့် ဖုန်းငွေလက်ကျန်စစ်နိုင်ခြင်း (GSM/CDMA/WCDMA)
-ဖုန်းရဲ့ Device information များကိုကြည့်နိုင်ခြင်း
-ဖုန်းဆော့ဝဲများအား backup လုပ်နိင်ခြင်း
- ဖုန်းတွင်း process ကိုကြည့်ရှုနိုင်ခြင်း တို့ပါဝင်ပါတယ်။
ဒါ့အပြင် Root လုပ်ထားသော ဖုန်းများမှာဆိုလျှင် system ထဲက မလိုအပ်သော ဖိုင်များ ၊ ဆော့ဝဲများကို ၀င်ရောက် delete လုပ်နိုင်တဲ့ Read/Write function ထည့်သွင်းပေးထားပါတယ်။ R/O ခလုတ်လေးကိုနှိပ်ပြီးမှ ဖျက်လိုသော ဖိုင်ကိုဝင်ဖျက်နိုင်ပါတယ်။ ဒီ function ကတော့ root access လိုပါတယ်။ ကျန်တဲ့ features တွေက root မလုပ်ထားတဲ့ဖုန်းတွေလည်းအသုံးပြုနိုင်ပါတယ်။
Myanmar Mobile File Manager ကို Android version 4.0.3 နှင့်အထက်ရှိတဲ့ Android ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
Android ဖုန်းတွေအတွက်ရှိထားသင့်တဲ့ application လေးတစ်ခုဖြစ်ပါတယ်။ Myanmar Mobile File Manager for Android ကို Open File Manager ကိုအခြေခံ၍ ရေးသားဖန်တီးထားပါတယ်။
Myanmar Mobile File Manager for Android v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်



ကျနော့်ရဲ့{ knowledge sharingသို့ } လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်



ကျနော်ရဲ့{ မြန်မာ့စွယ်စုံစာအုပ်စင်သို့} လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ


0 comments:

ကျ​နော်​ဆိုဒ်​​လေးကို လာ​ရောက်​လည်​ပတ်​ကြတဲ့ ချစ်​သူငယ်​ချင်းများကို ​ကျေးဇူးတင်​ပါတယ်​​နော်​။
အဆင်​​ပြေသည်​ဖြစ်​​စေ၊ အဆင်​မ​ပြေသည်​ဖြစ်​​စေ commend​လေးများ​ ​ရေး​ပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်​ချက်​များကိုပြုပြင်​နိုင်​မှာပါခင်​ဗျာ။

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs