MPT မှ wcdma sìm ကဒ်သုံးကဒ်ကို ၁၅၀၀ ကျပ်နှင့် ရောင်းချမည့် အစီအစဉ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။

ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။

ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။


ကျနော့်ရဲ့{ knowledge sharingသို့ } လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်


ကျနော်ရဲ့{ မြန်မာ့စွယ်စုံစာအုပ်စင်သို့} လာလယ်ပါရန်​ဖိတ်​​ခေါ်ပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ


0 comments:

ကျ​နော်​ဆိုဒ်​​လေးကို လာ​ရောက်​လည်​ပတ်​ကြတဲ့ ချစ်​သူငယ်​ချင်းများကို ​ကျေးဇူးတင်​ပါတယ်​​နော်​။
အဆင်​​ပြေသည်​ဖြစ်​​စေ၊ အဆင်​မ​ပြေသည်​ဖြစ်​​စေ commend​လေးများ​ ​ရေး​ပေးခဲ့ကြပါဗျာ။ ဒါမှလိုအပ်​ချက်​များကိုပြုပြင်​နိုင်​မှာပါခင်​ဗျာ။

မန်​ဘာဝင်​ပြီးအား​ပေးကြပါအုံး

Copyright © 2013. BloggerSpice.com - All Rights Reserved
Customized by: MohammadFazle Rabbi | Powered by: BS
Designed by: Tilabs